ကြံခင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက ပလပ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး (Talk Show) အစီအစဉ် ကျင်းပပြု လုပ်သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အသိပညာပေး (Talk Show) အစီအစဉ်များ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူနေမှုဘဝနှင့်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ပလပ်စတစ်၏ ဆိုး ကျိုးများနှင့် ပလပ်စတစ်လျှော့ချသုံးစွဲရေး၊ ပလပ်စတစ်အိတ်၏ သက်တမ်း အားပြောကြားပြီး၊ ဒုတိယဦးစီးမှူးဒေါ်မေသဉ္ဇာနှင်းက ပလပ်စတစ်အမျိုးအစားများနှင့် ပြန်လည် အသုံးမပြုသင့်သည့်အမျိုးအစားများ၊ ပလပ်စတစ်၏ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင် သည့်ရောဂါများ၊ ပလပ်စတစ်လျှော့ချသင့်သည့် နည်းလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)