ပြည် ဇွန် ၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နိုင်ငံတစ်ဝန်း၌ ယနေ့နံနက်ပိုင်းက ထုတ်ပြန် ကြေညာထားရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှ ၇၀၂ ဦးအောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်း (၆၄ ဒသမ ၇၆)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်မြို့နယ်မှ အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.ထ.က (ဝက်ထီးကန်)နှင့် အ.ထ.က(ပေါင်းတလည်)အစရှိသည့် စာစစ်ဌာနငါးခုတို့၌ (ကျောင်းတွင်း/ ကျောင်းပြင်ပဖြေ) ဖြေဆိုရန်စာရင်းရှိ ၁၁၉၁ဦးအနက် စုစုပေါင်း ၁၀၈၄ဦး ဝင်ရောက်ဖြေဆိုပြီး ၇၀၂ဦးအောင်မြင်ကြောင်းနှင့် ဂုဏ်ထူးရရှိမှုမှာ လေးဘာသာ(၉)ဦး၊ သုံးဘာသာ (၃၇)ဦး၊ နှစ်ဘာသာ(၅၁)ဦးနှင့် တစ်ဘာသာ(၂၂၁)ဦး စုစုပေါင်း(၃၁၈)ဦးဂုဏ်ထူးများအသီးသီးရရှိ အောင်မြင်ပြီး ၃၈၄ဦးရိုးရိုးအောင်မြင်ကာ မြို့နယ်ချုပ် (၆၄ ဒသမ ၇၆) ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဆက်(ပြန်/ ဆက်)