ကန့်ဘလူမြို့၌ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ်ဖွင့်ပွဲ ကျင်းပ

ကန့်ဘလူ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသစ် ဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီက အဆိုပါရုံး၌ ကျင်းပကြောင်းသိရသည်။
အဆိုပါ ရုံးသစ်ဖွင့်ပွဲတွင် ဆရာတော် သံဃာတော်များ ပင့်ဖိတ်၍ ဘုရားအနေကဇာတင်လှူခြင်း၊မေတ္တာ
သုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အနုမောဒနာတရား နာယူကြည်ညိုကာ ခဲ့ကြသည်။ယင်း ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ်ကို ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၁၅၈ ဒသမ ၇ သန်းဖြင့် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ပြီး စက်တင်ဘာလ၌ ဆောက်လုပ် ပြီးစီးခဲ့သည်။
ရုံးသစ်ဖွင့်ပွဲသို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊အဖွဲ့ဝင်များ၊မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး လူစု လူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)