စစ်ကိုင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းငါးမျိုးများ စိုက်ထည့်ပေး

စစ်ကိုင်း အောက်တိုဘာ ၈

စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများ မပြုန်းတီးစေရေး အတွက် ငါးမျိုးများ စိုက်ထည့်ပေးခြင်းကို ယမန်နေ့က စစ်ကိုင်းမြို့ မြန်မာ့ဆက်သွယ်ရေး တာဝါတိုင်အနီး ဧရာဝတီမြစ်ကမ်းပါးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

" ကျွန်တော်တို့ ဌာနအနေနဲ့ ငါးစားသုံးသူ ဖူလုံပြည့်ဝစွာ ငါးစားသုံးနိုင်ရေး၊ ငါးမျိုးများ ဧရာဝတီ မြစ်အတွင်း မပြုန်းတီးစေရေး အတွက် ငါးမြစ်ချင်း အကောင် ငါးသောင်း၊ ငါးခုံမ အကောင် ငါးသောင်း စုစုပေါင်း ငါးကောင်ရေ တစ်သိန်းကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကာလအတွင်း ကျန်းမာရေးနှင့် အညီ ငါးမျိုးများစိုက်ထည့်ပေးတာပါ " ဟု ခရိုင် ငါး လုပ်ငန်း ဦးစီးမှူး ဦးအယ်လ်တူးရိန်က ပြောပြ၍ သိရှိရသည်။

ငါးမျိုးများ စိုက်ထည့်ခင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ် ရေးနှင့် တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာ ကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အညီ ငါးမျိုးများ စိုက်ထည့် ပေးခဲ့ကြ ကြောင်းသိရသည်။

ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)