ရေဦး အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်သို့ ပြည်တွင်းပြည်ပမှ ပြန်လာ သူများ အား ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံထားရမှုရှိမရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီက “ Facility Base Quartine Centre ၀င်ရောက်နေသူများ၏ အာခေါင်နှင့် နှာခေါင်းတို့ပတ် Swab နမူနာ ( ၄၉ )ခုကိုရယူခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အာခေါင်နှင့် နှာခေါင်းတို့ပတ် (Swab) နမူနာများ ရဓာတ်ခွဲ စစ်ဆေး နိုင်ရန်အတွက် ရေဦးမြို့နယ်COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်ကြီးကြပ်မှု၊ ပံ့ပိုးမှုနှင့်အတူ မြို့နယ်ကုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ကျန်းမာရေးဌာန ကြီးကြပ်(၂) နှင့် ကျန်းမာရေး၀န်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာ ဓာတ်ခွဲစစ်ဆေးရေးဌာနသို့ ဆက်လက်ပို့ဆောင်ကာ စစ်ဆေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းထိုက် (ရေဦး )