မြောင် အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ စာရေး၀န်ထမ်းများအား နိုင်ငံတော်မှထောက်ပံ့သည့်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထီးလှိုင်ရှင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်က နိုင်ငံတော်မှထောက်ပံ့ငွေပေးအပ်ရခြင်းမှာ ရပ်ကွက်/ ကျေးရွာ စာရေးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရောဂါတားဆီးရေးလုပ်ငန်းများတွင် အသိပညာပေးခြင်း၊အခြေခံလူတန်းစားများထောက်ပံ့ပေးအပ်ရာတွင်စာရင်းဇယာများပြုစု ခြင်း၊ အထွေထွေရွေးကောက်ပွဲ အတွက်မဲစာရင်း ပြုစုခြင်း၊ လူဦးရေစာရင်း ကောက်ယူ ရခြင်း စသည့်လုပ်ငန်းများတွင်ပါ၀င်ဆောင်ရွက်ရခြင်းများ ကြောင့် နိုင်ငံတော်မှ ထောက်ပံ့ ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့၀န်ထမ်းများဘက်ကလည်း လုပ်ငန်း တာ၀န် များကို အလေးထား ဆောင်ရွက်ကြရန်၊၂၀၂၀ ရွေးကောက်ပွဲကြီး အေးချမ်း သာယာ စွာနှင့် အောင်မြင်စွာကျင်းပပြီးစီးနိုင်ဖို့ အင်တိုက်အားတိုက် အလေးထားဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနီုင်း ဆောင်ရွက်ကြရန် စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
မြောင်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ အုပ်စု(၅၂ )အုပ်စုမှ စာရေး၀န်ထမ်း (၅၂ )ဦး ကို တစ်ဦးလျှင် (၁၀၀၀၀ဝိ/-) ကျပ်နှုန်းအပြင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် တစ်ဦးလျှင် Surgical Masks(၅၀)ခု ၊ လက်ဆေးဆပ်ပြာခဲ(၂)ခဲစီကိုလည်း ပေးအပ်ခဲ့ ကြောင်းသိရသည်။
တင်ကိုကို(မြောင်)