ကဝ ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက် (၁၁) နာရီအချိန်က ကဝမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် ခရိုင်ဦးစီးအရာရှိ ဦးရဲမင်းထွဋ်တို့က ကဝမြို့နယ်အတွင်းရှိ STAR WHITE နှင့် SILVER STAR သောက်ရေသန့်စက်ရုံများသို့သွားရောက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်ညွှန်းအမှတ်အသားများဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြနိုင်ရေး၊ သောက်ရေသန့်အမည်၊ အလေးချိန်၊ ထားသိုသိမ်းဆည်းပုံတို့ကို မြန်မာစာနှင့်ဖော်ပြရန်နှင့် Expire Date၊ FDA ထောက်ခံချက်များပြည့်စုံစွာ ဖော်ပြပေးရန်တို့ကို စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)