မော်လိုက် ဇွန် ၈
မော်လိုက်မြို့၌ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး “အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ” မှ ထုတ်ဝေ သော အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီအချိန်က လူစည်ကားရာ မြို့မစည်ပင်သာယာဈေးနှင့် ကမ်းနားလမ်းရှိ ကုန်စုံအရောင်းဆိုင် များသို့ ခရိုင် ပြန်/ဆက်ရုံးဝန်ထမ်းများက ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားများနှင့် ပတ်သက်၍ အလုပ်ရှင်များ သိသင့်သိထိုက်သော အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက် များ၊ ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေး အလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးလူငယ် အလုပ်သမားသည် တရားမဝင် ပါ စသည့်ခေါင်းစဉ်များဖြင့် အသိပညာဗဟုသုတရဖွယ် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်၊ ပိုစတာများ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)