ကလိန်အောင်မြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် မိုးရာသီစု‌ပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပ

ကလိန်အောင် ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်‌စေရေးအတွက် ရည်ရွယ်၍ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်ဘုရား‌  တောင်ပေါ်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲ‌တွင် ကလိန်အောင်မြို့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်၊ မြို့သစ်တောဦးစီးဌာနမှ တာဝန်ခံဘိနယ် တောအုပ်ထက်လင်းဦးနှင့် တာဝန်ရှိသူများက စိုက်ပျိုး မည့် ပျိုးပင်များကို တက်ရောက်လာကြသော နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများထံ ဖြန့်ဝေ ပေးအပ်ကြပြီး သတ်မှတ်ထားသည့်နေရာ အသီးသီးများ၌ ပျိုးပင်များကို စနစ်တကျ စုပေါင်း၍ စိုက်ပျိုးကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်‌စေရန်၊ သစ်တောပြုန်းတီးမှုများပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကို လျော့ချစေရန်၊ သဘာဝဘေးအန္တရာယ်ရန်မှကာကွယ်နိုင်ရန်၊အနာဂတ်မျိုးဆက်သစ်များအတွက်ပိုမိုကောင်း မွန်ပြီးအေးချမ်းသာယာသောဝန်းကျင်တခုဖြစ်လာစေရန်၊ ပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပျဉ်းကတိုး(၇၀)ပင်၊ မဟော်ဂနီ ( ၅၀)ပင်၊ မန်ဂျန်ရှား(၇၀)ပင်၊ ခရေ(၁၀)ပင်၊ ကံကော်(၅၀)ပင် စုစုပေါင်းပျိုးပင် (၂၅၀)ပင်တို့အား စိုက်ပျိုးကြ ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)