ချောက်မြို့တွင် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့​ငွေကျပ် သိန်း(၃ဝ) ပေးအပ်

ချောက် ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မေ ၃၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၄)ရပ်ကွက်၊ ဇောတိက ရပ်တွင်သစ်ပင်ပြိုလဲ၍ လူနေအိမ်(၁)လုံးပြိုကျပျက်စီးမှုနှင့်အတူ သေဆုံးမ(၁)ဦး​နှင့်ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦး၊ မ(၅)ဦးတို့အား ယမန်နေ့က  ချောက်/လမ်းရွာ ရေနံမြေအထွေထွေမန်နေဂျာနှင့် Gold Petrol Joc Inc Field Manager တို့မှ ငွေကျပ် သိန်း (၃၀)နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လေဘေးသင့်မိသားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်မှ အဖွင့်အမှာစကားပြောကြားပြီးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်မှ သဘာဝဘေးကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်း​ကောင်း၊ ချောက်/လမ်းရွာ ရေနံမြေအထွေထွေမန်နေဂျာဦးရဲနိုင်မှ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍လည်း​ကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့​ကြသည်။

ထို့နောက် လေဘေးသင့်မိသားစုဝင်များအား ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာ မှ ငွေကျပ် သိန်း(၂၀)၊ Gold PetrolJoc Inc Field Manager မှ ငွေကျပ်(၁၀)သိန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာပေါ်လင်(၁)ခု၊ Hygiene Percel ဂျက်ဖာ(၁)ပုံး၊ စောင်(၂)ထည်၊ Kitchen Set ဂျက်ဖာ (၁) ပုံး၊ စုစုပေါင်း ပစ္စည်းတန်ဖိုးငွေ(၁၁၅၀၀ဝိ/-)ကျပ်၊​ ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်းထောက်ပံ့ငွေနှင့် ပစ္စည်းတန်ဖိုးငွေ (၃၁၁၅၀၀ဝိ/-)ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လေဘေးသင့်မိသားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာနှင့် ဝန်ထမ်းများ၊ Gold Petrol Joc Inc Field Manager၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လေဘေးသင့် ပြည်သူမိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)