မင်းလှ ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က မိုးရာသီ သီးနှံစိုက်ပျိုးမှု အခြေအနေများ၊ မြို့သန့်ရှင်းလှပစေရန်အတွက် စုပေါင်းသန့်ရှင်းရေးတွင် ပါဝင်ဆောင်ရွက် ကြရန်၊ မြို့နယ်အတွင်းရှိ စိုက်ဧကများတွင် မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက် ပျိုးခြင်းတို့ကို ဆောင်ရွက်ကြရန် ဆောင်ရွက်ကြရန် စသည့်အချက်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန် ထမ်းများ ၂၀၂၃ ခုနှစ်၊ မိုးရာသီသီးနှံများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနိုင်းဆောင်ရွက်နိုင်ရေးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ချကရိ ယာ(Drum Seeder) များပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)