ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များ ရှောင်ကျဉ်ရမည့် တားမြစ်ချက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကဝ ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းရှင်များ ရှောင်ကျဉ်ရမည့် တားမြစ်ချက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲ (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်သန်းသန်းဝင်းက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးခရိုင်၊ ဦးစီးအရာရှိ ဦးရဲမင်းထွဋ်က စီးပွားရေးလုပ်ငန်းရှင်များ ရှောင်ကျဉ်ရမည့် တားမြစ်ချက်များနှင့်ပတ်သက်၍ ကြော်ငြာခြင်းဆိုင်ရာ တားမြစ်ချက်များ၊ လိမ်လည်လှည့်ဖြား ခြင်းဆိုင်ရာ တားမြစ်ချက်များ၊ ကုန်စည်/ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာတားမြစ်ချက်များ၊ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ တားမြစ်ချက်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းဆိုင်ရာ တားမြစ်ချက်များနှင့် တားမြစ်ချက်များအား ကျူးလွန်ပါက ကျရောက်မည့်ပြစ်ဒဏ်များ၊ ထပ်မံကျူးလွန်ပါက ကျရောက်မည့် ပြစ်ဒဏ် များအား စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)