အုတ်တွင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေး မျိုးစေ့ချပျိုးထောင်နေမှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကွင်းဆင်းကြည့်ရှု၍ ထောက်ပံ့ငွေပေးအပ်

အုတ်တွင်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေးမျိုးစေ့ချပျိုးထောင်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု၍ ‌မျိုးစေ့ချပျိုးထောင်သည့်အဖွဲ့အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် ဘုရားနှစ်ဆူကျေးရွာ ရန်ကုန်-မန္တလေးလမ်းဘေးရှိ တောင်သူဦးတင်အေး၏ မိုးစပါးစိုက်ပျိုးမည့်လယ်မြေ လေးဧကအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေးဗန်း(၄၀၀) မျိုးစေ့ချပျိုးထောင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီး ဌာနနှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက စိုက်ပျိုးမှုစနစ်/ပျိုးထောင်မှုစနစ် မှန်ကန်ရေးနှင့်စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် တောင်သူများအား လမ်းညွှန်မှာကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးမန်နေဂျာတို့က ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေး မျိုးစေ့ချပျိုးထောင်နေသည့်အဖွဲ့အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)