ငပုတော ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုတက်ရေး အတွက် တောင်သူများနှင့် လုပ်ငန်းရှင်များအား မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်း၊ သမဝါယမလုပ်ငန်း၊ ၎င်းတို့နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အရင်းမ ပျောက် လည်ပတ်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွက် ကျပ်(၈)ဘီလီယံ ချထားပေးခဲ့ကြောင်း ပြောကြားခဲ့ကြောင်း၊ ပုသိမ်ခရိုင် အတွင်းရှိ မြို့နယ် (၄) မြို့နယ်အတွက် (၁)ဘီလီယံချထားပေးခဲ့ရာ တစ်မြို့နယ်လျှင် ကျပ်သန်း(၂၅၀)စီ ခွဲဝေချထားပေးခဲ့ပြီး ငပုတော မြို့နယ် အတွက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် သမဝါယမကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သန်း (၂၅၀) မတည် ရန်ပုံငွေအဖြစ် ရရှိခဲ့ကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ခရိုင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုက စိုက်ပျိုးရေးကဏ္ဍအတွက် မတည်ထောက်ပံ့ငွေများကို လည်းကောင်း၊ မြို့နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်သူက MSME လုပ်ငန်းကဏ္ဍအတွက် မတည်ထောက်ပံ့ငွေများကို လည်းကောင်း၊ ခရိုင်လုပ်ငန်းကော်မတီ အတွင်းရေးမှူးက သမဝါယမကဏ္ဍအတွက် မတည် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး စိုက်ပျိုး/မွေးမြူရေး တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ လုပ်ငန်း ကဏ္ဍ(၄)ခုမှ လုပ်ငန်းရှင်များ၊ တောင်သူများ စုစုပေါင်း (၁၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)