သာယာဝတီခရိုင်အတွင်း မိုးစပါး ၃၅၂၃၈၈ ဧက စိုက်ပျိုးပြီးစီး

သာယာဝတီ ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း ၂၀၂၃ ခုနှစ်တွင် မိုးစပါး ၄၅၆၁၈၄ ဧကအား  မေလအတွင်း စိုက်ပျိုးပြီးစီးခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သာယာဝတီခရိုင်အတွင်း မြို့နယ်ပေါင်း ၆ မြို့နယ်ရှိရာ သာယာဝတီမြို့နယ်တွင် (၈၁၂၁၇)ဧက၊ လက်ပံတန်းမြို့နယ်တွင် (၆၆၄၆၄)ဧက၊ မင်းလှမြို့နယ်တွင် (၆၁၀၃၇)ဧက၊ မိုးညိုမြို့နယ်တွင် (၃၈၈၉၂)ဧက၊ အုတ်ဖိုမြို့နယ်တွင် (၄၃၅၈၅)ဧက၊ ကြို့ပင်ကောက်မြို့နယ်တွင် (၆၁၁၉၃)ဧက၊ စုစုပေါင်း(၃၅၂၃၈၈)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် မိုးရေ၊ ဆည်ရေများဖြင့် စိုက်ပျိုးထားရှိပြီး၊ ၂၀၂၃ ခုနှစ် မေလမှာပင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း နိုဝင်ဘာလ ပထမ ပတ်တွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ပြောသည်။

မိုးစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာများ အခမဲ့ငှားရမ်းပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း ကြီးကြပ်ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)