မင်းတုန်း ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးရုံးတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဇွန်လ ၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ အခမဲ့ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ကျေးရွာအုပ်များမှ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် သင်တန်းသားအားလုံးကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ထားပြီး နည်းပြမှ မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းကို စနစ်တကျ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)