မြို့သစ်မြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ပေးအပ်

မြို့သစ် ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဇွန်လ၃ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် လူနေအိမ်(၂)လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ပန်းတောကျေးရွာမှ အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂၁၀၀၀/)တိတိအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)