သာပေါင်း ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်း သာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ ည ၁၀ နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက် ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ရဲအုပ်အောင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့မှ အမှတ်(၃)ရပ်ကွက်၊ ရန်အောင်မြင်လမ်းတစ်လျှောက်၌ ဧည့်စာရင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ကြသည်။
သာပေါင်းမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ အကြမ်းဖက်သမားများ ဘေးရန်မှ ကင်းဝေး၍ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေ ရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများနှင့် ဧည့်စာ ရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်