နာဂဒေသ၊ ပန်ဆောင်မြို့၌ စိန်ပေါမူကြိုကျောင်းဖွင့်လှစ်

ပန်ဆောင် ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့အထက် ရပ်ကွက်ရှိ စိန်ပေါမူကြိုကျောင်းကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သား/သမီးငယ်လေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။  

အဆိုပါ စိန်ပေါမူကြိုကျောင်းတွင် မူကြိုကလေးငယ်(၂၀)ဦး လာရောက်အပ်နှံပြီး ကလေးငယ်လေး များအား ကာယ၊ ဉာဏ်ဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိရေးအတွက် ကစားခြင်းဖြင့် သင်ကြားနည်း၊ တေးဂီတဖြင့် သင်ကြားနည်း၊ အခြေခံပန်းချီ သင်ကြားနည်း၊ လက်မှုပညာသင်ကြားနည်း အစရှိသည့်သင်ကြား နည်းများဖြင့် ဆရာ/မများက သင်ကြားပို့ချပေးလျက်ရှိကြောင်း စိန်ပေါမူကြို ကျောင်းအုပ် ဆရာမကြီး ဒေါ်ရွန်းရွယ်ထံမှ သိရသည်။

ဂျာယော်(ပန်ဆောင်)