ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံအား ဒေသခံ ပြည်သူများမှ စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှု

ပန်းတနော် ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဇွန်လ ၄ ရက်နေ့၌ ဖွင့်လှစ်လိုက်သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက် အအုံတွင် ခင်းကျင်းပြသထားသည်များအား ဒေသခံပြည်သူများမှ စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုလျက်ရှိကြသည်။

အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံးအတွင်း ခင်းကျင်းပြသ ထားရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ထူးချွန်ထင်ရှား သည့် ပုဂ္ဂိုလ်များ၊ အထင်ကရ ဘုရားစေတီပုထိုးများအပါအဝင် သာယာလှပသောရှုခင်းနှင့် တိုင်းဒေသကြီးအတွင်း ထွက်ကုန်များ၊ ရိုးရာယဥ်ကျေးမှု အနုပညာ လက်ရာများ ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်များကို လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ကွန်ပျူတာသင်တန်းခန်းမ၊ အနုပညာပြခန်း၊ ဆွေးနွေးပွဲခန်းမနှင့် ဘက်စုံသုံးခန်းမတို့အား ပြည်သူများမှ စိတ်ဝင်တစား ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး အားကစားခန်းမတွင် ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ဆက်)