ဟုမ္မလင်း၌ တစ်ပိုင်တစ်နိုင် ကြက်/ဝက် မွေးမြူရေးခြံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟုမ္မလင်း ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဉီးစီးဌာန နောင်ဖွတ်မော်ရပ်ကွက် စိုက်/ထွေ သမဝါယမအသင်း၊  အသင်းသား ၄ ဉီး၏ တစ်ပိုင်တစ်နိုင် ကြက်/ဝက် မွေးမြူရေးခြံများသို့ ယနေ့ နံနက် ၁၀ အချိန်တွင် သွားရောက်ခဲ့စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန ဒေါက်တာ မင်းခန့်ဇော်၊ မြို့နယ်သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဉီးစီးဌာန ဉီးစီးအရာရှိ ဉီးအယ်ဘီလ်ပိုင်တို့က မွေးမြူရေးခြံများ၏ ဇီဝလုံခြုံရှိ/မရှိ၊ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ရောဂါကာကွယ်မှု ကုသမှု အခြေအနေ၊ အစာကျွေးမွေးပုံစနစ်များကို စစ်ဆေးပေးခြင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန၏ မျိုးခြံလုပ်ငန်း/မွေးမြူရေးခြံလုပ်ငန်း စစ်ဆေး ခြင်း လုပ်ငန်းနှင့် အညီ ခြံလုပ်သားမှတ်ပုံတင် PC 7 ကို ကွင်းဆင်းစစ်ဆေးထုတ်ပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)