ဘောဂလိမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဘောဂလိ   ဇွန် 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူလူငယ်လေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ဘိန်းသီးမှဘိန်းဆီထုတ်လုပ် သည့်အကြောင်းအရာများ၊ အခြားနိုင်ငံများတွင်တွေ့ရှိရသော အက်ဖက်တမင်းပုံစံမျိုးကွဲများ၊ ၁၉ ရာစုနှောင်း ပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများများကို ကျောင်းသား/သူများအား အသိပညာပေးဟောပြော ပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးနံရံကပ် စာစောင်များကို ပြသထားရာ ဒေသနေပြည်သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘောဂလိမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် နေ့ထူးနေ့မြတ်ဆိုင်ရာ အကြောင်းအရာများ၊ အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာများနှင့် ဒေသနှင့်လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်အသစ်လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မူးလားလာ(ပြန်/ဆက်)