ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ကော့သောင်း  ဇွန် ၇

 တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့သောင်းမြို့နယ် ကံပုံကြီးနားကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲသို့ ကော့သောင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ရပ်မိရပ်ဖများ၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံဦး စိုးထက်အောင် (ဦးစီးအရာရှိ)က အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်တာဝန်ရှိသူများ၊ သင်တန်း သား/သူ များအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင်ကံပုံကြီးနားကျေးရွာမှ သင်တန်းသား/သူ (၂၀)ဦးတက်ရောက်ကြပြီး ဆပ်ပြာရည်အမျိုးမျိုး၊လက်သန့်ဆေးရည်၊ဖယောင်းတိုင်ပြုလုပ်နည်းနှင့်ပရုတ်ဆီပြုလုပ်နည်းများကို ဇွန်လ(၆)ရက်နေ့မှ(၁၀) ရက်နေ့ထိ သင်တန်းကာလ (၅)ရက်အတွင်းသင်တန်းနည်းပြများဖြင့် စာတွေ့၊ လက်တွေ့သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)