စစ်ကိုင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်း ဇွန် ၆

စစ်ကိုင်းမြို့ရှိ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်ရရှိစေရေးအတွက် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းကို (၅)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ် ကြောင်း စိတ်ဝင်စားစွာ လေ့လာတက်ရောက်ကြတဲ့အတွက်လည်း များစွာဂုဏ်ယူမိပါကြောင်း၊ သင်တန်းအပြီးတွင် မိမိတို့ရရှိသွားသည့် ပညာရပ်တွေကို မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်သွားကြပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီး များဖြစ်အောင် ဆောင်ရွက်သွားကြပါလို့ အထူးဆွေးနွေးပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးခဲ့ကြသည့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းဆင်းလက်မှတ်၊ သင်တန်းမှရရှိခဲ့သည့် လူသုံးကုန်ပစ္စည်း များနှင့် သင်တန်းကြေးများကို ပေးအပ်ရာ သင်တန်းသား/ သင်တန်းသူများက လက်ခံပေးခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်