နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

နတ်မောက် ဇွန် ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နတ်မောက်မြို့ဖွံ့ဖြိုးရေးအတွက် လုပ်ငန်း(၂၄)ခုကို ငွေလုံးငွေရင်း ကျပ်သန်းပေါင်း (၃၇၂ ဒဿမ ၀၆၀) သန်းဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့်လုပ်ငန်းများမှာ လမ်း(၉)လမ်း အဆင့်မြှင့်တင်ခြင်းအတွက် ငွေကျပ်(၃၃၃ ဒဿမ ၂၆၀)သန်း၊ ကွန်ကရစ်တံတား ၁၂စင်း အတွက် ငွေကျပ် (၂၈ ဒဿမ ၆၀၀ )သန်း၊ ရေမြောင်းလုပ်ငန်း ၁၃ ခုအတွက် ငွေကျပ်(၄ ဒဿမ ၉၀၀) သန်း၊ အခြားလုပ်ငန်း(၂)ခုအတွက် ငွေကျပ် (၅ ဒဿမ ၃)သန်း အသုံးပြုမည်ဖြစ်ကြောင်း မြိုန့ယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူမူစန်း