ပလောက် ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ သွေးလွန်တုတ်ကွေး ရောဂါ အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်နှင့် စာကြည့်တိုက် လက်ထောက်(၃) ဒေါ်ချိုချိုဌေးတို့က မိုးဦးကျ ရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ လက္ခဏာများအကြောင်းနှင့် သိမှတ်လိုက်နာရန် အချက်များ၊ ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးနိုင်မည့် အချက်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများနှင့် ကာကွယ်ရန် နည်းလမ်းများ၊ လက်ဆေးခြင်း အလေ့ အကျင့်များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အပြည့်အစုံကို ပြည်သူများ မိုးရာသီတွင် ဖြစ်ပွားတက်သော ရောဂါများနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ပလောက်မြို့ ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင်