ထားဝယ် ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးကော်မတီ(၁/၂၀၂၃)အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏လုပ်ငန်းတာဝန်များတွင် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတာဝန်များကို ထည့်သွင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ကော်မတီဝင်များကို အသိပေးပြီး တိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေဖြင့် လက်ရှိ ဆောင်ရွက်နေသောအခြေအနေများ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန် ရည်ရွယ်ပြီးခေါ်ယူရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်အမျိုးသမီးကော်မတီများကို တိုင်းဒေသကြီးအဆင့်သာမကခရိုင်၊ မြို့နယ်အဆင့်များတွင်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီး ကော်မတီအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ချမှတ်လိုက်သော မူဝါဒများနှင့် လမ်းညွှန်ချက်များကို အခြေခံပြီး ဒေသတွင်းမှာရှိသည့်အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ပေးခြင်း၊ အမျိုးသမီးများအခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် စပ်လျဉ်းပြီး တိုင်ကြားမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ခရိုင်၊ မြို့နယ်အမျိုးသမီး ကော်မတီများ၏ လုပ်ငန်းဆောင်ရွက် ချက်များကို အမျိုးသမီးများ အရေးဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏လုပ်ငန်းအစီအစဉ် များကို ကြီးကြပ်သုံးသပ်ခြင်းနှင့်လမ်းညွှန်မှုပေးခြင်း၊ ကျား၊မ အခြေပြုအကြမ်းဖက်မှု အမျိုးသမီးအခွင့် အရေးဆိုင်ရာများ အသိပညာပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးအမျိုးသမီးကော်မတီဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေကြသည့် အခန်းကဏ္ဍများတွင် တိုင်းဒေသကြီးအတွင်းမှာရှိသော အမျိုးသမီးများ၊ အမျိုးသမီးငယ်ရွယ်များ၏အကျိုးစီးပွားကို ရှေးရှုပြီး ကျား၊မတန်းတူညီမျှရေး အမျိုးသမီးအခွင့်အရေးများပြည့်ဝစွာရရှိနိုင်ရန် ဆက်လက် ကြိုးစားဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းက အမျိုးသမီးများဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီးကော်မတီဝင်များက အမျိုးသားအဆင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များ၊ လုပ်ငန်းစီမံချက်ရေးဆွဲအတည်ပြုနိုင်ရေးနှင့်အကောင် အထည် ဖော်နိုင်ရေးအကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းသတင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)