ချောက်မြို့​ရှိအလှကုန်ပစ္စည်းဆိုင်များအား မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ချောက် ဇွန် ၆

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူး၍ ယနေ့နံနက် ၈ နာရီခွဲအချိန်က ချောက်မြို့မဈေးရှိ အလှကုန်ပစ္စည်းရောင်းချသောဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကွင်း ဆင်းစစ်ဆေးခဲ့ကြသည်။ 

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးနေသော အလှကုန်ပစ္စည်းဆိုင်များတွင် ကုန်အမှတ်တံဆိပ်များ၊ အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချနေခြင်းရှိ မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိခြင်း ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ပြည့်စုံ မှန်ကန်စွာဖော်ပြထားမှု ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

ကျော်မိုး(ပြန်/ဆက်)