တပ်မတော်အင်ဂျင်နီယာကျောင်းမှ ကျောင်းအုပ်ကြီး နတ်တလင်းမြို့ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နတ်တလင်း ဇွန် ၆

တပ်မတော်အင်ဂျင်နီယာကျောင်းမှ ကျောင်းအုပ်ကြီးဗိုလ်မှူးကြီး စန်းလွင်နှင့်အဖွဲ့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော်အင်ဂျင်နီယာကျောင်းမှ ကျောင်းအုပ်ကြီးဗိုလ်မှူးကြီးစန်းလွင်မှ အဖွင့်အမှာ စကားပြောကြားပြီး နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံဖြိုး ရေးကိစ္စများကိုဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများမှ လိုအပ်သည်များကိုတင်ပြဆွေးနွေးရာ ဗိုလ်မှူးကြီးမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်ဗိုလ်မှူးကြီးနှင့်အဖွဲ့သည် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံးနှစ်ထပ်တိုးချဲ့ ဆောင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြေယာရှု့ခင်းပြုလုပ်ဆောင်ရွက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်း၊ သက်ငယ်ပြင်ကျေးရွာအုပ်စု၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ၂၀၂၂-၂၀၂၃ သုံးသီး နွေစပါး Drum Seederစံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး တာဝန် ရှိသူများအားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)