ပြည် ဇွန် ၆
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ "ဆုံစည်းရာ" စာဖတ်ဝိုင်း(Book Club)အဖွဲ့တို့ လစဉ် ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းသို့ ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့မှ နာယကဆရာကြီးများ ဦးဆောင်သော စာရေးဆရာ၊ ကဗျာဆရာနှင့် စာပေဝါသနာရှင်များတက်ရောက်ပြီး ရှေးဦးစွာ (Book Club) အဖွဲ့နာယကဆရာကြီး မြို့နယ်ပညာရေးမှူး (ငြိမ်း)ဦးခင်အောင်၊ စာရေးဆရာမောင်မောင်ကြည်သန့်တို့က စာဖတ်ဝိုင်း ရေရှည်တံ့ရေး မုဒိတာစကားများပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူငယ်နှင့်ပြည်သူ့အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့မှ နယကဆရာကြီးများ၊ စာရေးဆရာ၊ ကဗျာဆရာနှင့် စာပေဝါသနာရှင်များက ၎င်းတို့ဖတ်မှတ်လေ့လာခဲ့သော သုတ/ ရသစာပေအကြောင်းများနှင့် စာပေအတွေ့အကြုံများကို အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြပြီး မြို့နယ်အတွင်း အသိပညာပေးဟောပြောပွဲများအပါအဝင် လူငယ်အသိပညာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ ဆက်)