ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း ပလတ်စတစ်အစား သတင်းစာ စက္ကူများ၊ ငှက်ပျောဖက်များ အသုံးပြုရန်အတွက် လိုက်လံကြည့်ရှုစစ်ဆေး

ရေကြည် ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရေကြည်မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း ပလတ်စတစ်အစား သတင်းစာ စက္ကူများ၊ ငှက်ပျောဖက်များ အသုံးပြုရန်အတွက် လိုက်လံကြည့်ရှုစစ်ဆေး ယမန်နေ့ နံနက်ပိုင်းက  မြို့မဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ် သုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့ သည်။       

အဆိုပါ အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကမ္ဘာမြေ ကျန်းမာဖို့ ပလတ်စတစ်ကို ရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့် အညီ ပလတ်စတစ်မသုံးစွဲရေး အသိပညာပေးခြင်း၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား အရောင်း၊ အဝယ်ပြုလုပ်ရာတွင် ပလတ်စတစ်အိတ် အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစက္ကူများ စသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲစေရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)