တောင်တွင်းကြီး ဇွန် ၆
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၈)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ လက်ဝယ်အရောက် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀/- နှုန်းဖြင့်လည်းကောင်း၊ နှမ်းတစ်ဧကလျှင်ငွေကျပ် ၁၀၀၀၀၀/- နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းအနေဖြင့်ငွေကျပ် ၁၀၀ လျှင် ၄၂ ပြားနှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်တွင် အရင်းနှင့်တကွကျသင့်သည့် အတိုးကိုပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၇၅)အုပ်စုမှ တောင်သူ (၂၂၀၀၀)ဦး၏ စိုက်ဧက(၇၅၀၀၀)အတွက် ငွေကျပ်သိန်းပေါင်း(၁၀,၀၀၀,၀၀၀,၀၀၀) (တစ်သိန်း)အား ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)