သနပ်ပင်မြို့နယ်၌ အသက် (၂)လမှ အသက်(၁)နှစ်‌ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်

သနပ်ပင် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွားများရှိ အသက်(၂)လမှ  အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနံပေးကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများက  အသက်(၂)လ မှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား  ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ ဦး‌‌နှော က်အ‌မြှေး ရောင်ရောဂါ၊ အသည်းရောင်းအသားဝါ (ဘီ) စသည့် (၅)မျိုးစပ် ကာကွယ်ဆေးထိုးနှံခြင်း‌ ဆေးတိုက်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ ရက်ကွက်/ ကျေးရွာများရှိ ကျန်းမာရေးဆေးခန်းများတွင် လစဉ်လဆန်းရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ ဆက်)