အင်္ဂပူ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာန၏ စီစဥ်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ အချိန်က ကျောင်းကွင်းကျေးရွာအုပ်စုရှိ တောင်မြန်အောင် တိုးချဲ့သစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၁)၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၆၅/၄) အနီးတွင်၌ ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မွှန်းကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၄၅)ဦးခန့်တို့က ကျွန်း(၄၅၆)ပင်၊ ပျဥ်းကတိုး (၃၆)ပင်၊ ရေတမာ (၃၀၀)ပင်၊ မျောက်ငို(၃၆)ပင်၊ ယူကလစ်(၄၀၀)ပင်၊ မန်ဂျန်ရှား(၃၆)ပင်၊ ခရေ (၃၆)ပင်၊ စုစုပေါင်း အပင်(၁၃၀၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)