လှည်းကူး ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့်(Talk Show)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးနောက် (Book Club)အဖွဲ့ဝင်ဒေါ်သင်းသင်းဆွေက အမျိုးသမီးများ၏အခွင့်အရေးများအကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဖြစ်စဉ်များ၊ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာဉပဒေများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်းဖြင့် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် အကြမ်းဖက်မှုပပျောက်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်တတ်စေရန်စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)