သာယာဝတီမြို့တွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကွက်သစ်ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးဦးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ ၊ စစ်လုပ်ငန်းဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှကင်းဝေးစေရန် ရေသိုလှောင်ကန်များရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအား အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်(Abate)ဆေးခတ်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးဒေါ်စန္ဒာထွေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)