ကလေးဝမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲပြုလုပ်

ကလေးဝ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၅ ရက်နေ့နံနက် ၇ နာရီက အမှတ် ၁ ရပ်ကွက်ရှိ မီးကွင်းစေတီတော်အနီး ကွင်းပြင်တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇံရွှေက သစ်ပင်များကို ပေးအပ်ခဲ့ပြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့ဝင်များ ဌာနဆိုင်ရာဝန်ထမ်းများက သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၂၅ ပင်၊မန်ဂျန်ရှား ၂၅ ပင် ၊မယ်ဇလီ ၂၅ ပင်နှင့် စိန်ပန်းကြီး ၂၅ ပင်တို့ကို တက်ရောက်သူ အင်အား ၉၀ ကျော်ဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

သက်ဟန် (ကလေးဝ)