ထားဝယ် ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထက်နောင်က တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များ ပေးအပ်ပြီး ကံ့ကော် ပျိုးပင်အားစိုက်ပျိုးပေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ထားဝယ်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက သက်မှတ်ထားသောနေရာများတွင် ပျိုးပင်အမျိုးအစား (၅)မျိုး စုစုပေါင်း ပျိုးပင်(၃၀၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးပေးသည်။
သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တော သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းစသည့် ဆောင်ပုဒ်နှင့်အညီ ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်းကံ့ကော်(၁၂၀)ပင်၊ မဟော်ဂနီ(၃၀)ပင်၊ ပျဉ်းကတိုး(၃၀)ပင်၊ ခရေ(၆၀)ပင်၊ စိန်ပန်း(၆၀)ပင် စုစုပေါင်းပျိုးပင် (၃၀၀) ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)