ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

စုကလိ   ဇွန်      ၅

ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သဘာဝပတ်ဝန်းကျင် များအကြောင်း အသိပညာပေး Talk Show အား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအ​ခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က သဘာဝပတ်ဝန်းကျင်ကို လူတို့ဖန်တီးပြီးပြန်လည် ပျိုးထောင် ရမည်ဖြစ်ကြောင်း၊ မိမိတို့ပတ်ဝန်းကျင်နှင့် ရေထုမြေထုလေထုတို့ကို သန့်ရှင်းစေရေး၊ မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်ခြင်းများ မပြုလုပ်ကြရန်၊ အငယ်တန်းစာရေးအင်အားပြ ဒေါ်စိုးမို့မို့ဌေး က မြစ်ချောင်းများအနီးတွင် နေထိုင်ကြသည့် လူများအနေဖြင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ သန့်ရှင်းသောရေအရင်းအမြစ်ရရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ကို အမှိုက်သရိုက်များနှင့်အညစ်အကြေး ကင်စင်ရေးတို့ကို အလေးထားဆောင်ရွက်ရမည့် အချက်များအား အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ အသိပညာပေးTalk Show များအား တစ်လလျှင် လေးကြိမ်ခန့်ဆောင်ရွက်ကြောင်း သိရသည်။

ပိုပိုအောင်