ကျိုက်လတ် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ လမ်း၊ တံတားများ ကောင်းမွန် စေရေးကိုရှေးရှု၍ (ကျိုက်လတ်-စိန်ဟိုင်း-မော်လမြိုင်ကျွန်းလမ်း) ပေါ်ရှိ တဘိုးကုန်းတံတား ပြင်ဆင် ခြင်းလုပ်ငန်းအား ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်း၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထိုက်နှင့် တာဝန်ရှိသူများက ကျိုက်လတ်-စိန်ဟိုင်း-မော်လမြိုင်ကျွန်းကားလမ်း မိုင်(၂/၄)ပေါ်ရှိ တံတားအမှတ်-၁/၃၊ အရှည် ၉၀ ပေ၊ ဘေလီအမျိုးအစား တဘိုးကုန်းတံတားအား ပြန်လည်ပြင်ဆင် ခြင်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတံတားပြင်ဆင်ပြီးစီး ပါက ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင်လည်းကောင်း၊ ခရီးသွားပြည်သူများ ဖြတ်သန်း သွားလာရာတွင်လည်းကောင်း ဘေးအန္တရာယ် ကင်းရှင်း စွာဖြင့် လွယ်ကူလျင်မြန်စွာ သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)