စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ (၃၀)ကြိမ်မြောက်၊ အစိုးရနိကာယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မုံရွာ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ (၃၀)ကြိမ်မြောက်၊ အစိုးရနိကာယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ မုံရွာမြို့၊ ဇောင်ကြမ်းပင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရသိရီ ဆရာတော်ကြီးထံတော်မှ ဧည့်ပရိတ်သက်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် အစိုးရနိကာယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်၊ သီလရှင်ဆရာလေးများအတွက် လှူဖွယ်ဝတ္ထုငွေများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး သာသနာရေးမှူးထံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်၊ ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သဒ္ဒန္တဇောတိပါလာလင်္ကာရ ဆရာတော်ကြီးထံတော်မှ ဧည့်ပရိတ်သက်များက အနုမော ဒနာတရားနာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ် ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ (၃၀)ကြိမ်မြောက်၊ အစိုးရနိကာယ် စာမေးပွဲဖြေဆိုရာတွင် ကြီးကြပ် ဆရာတော် ၂၆ ပါးအား၊ တစ်ပါးလျှင်အလှူငွေကျပ်- ၅၀၀၀၀ (ငါးသောင်းကျပ်)နှင့် စာဖြေသံဃာ တော်၊ သီလရှင်ဆရာလေး စုစုပေါင်း ၁၀၈ ပါးအား၊ တစ်ပါးလျှင်အလှူငွေကျပ် - ၃၀၀၀၀ (သုံး သောင်းကျပ်)နှင့် နေ့ဆွမ်း ၅ ရက်စာအတွက် အလှူငွေကျပ် ၁၈၂၁၀၀၀ (ဆယ်ရှစ်သိန်း နှစ်သောင်းတစ်ထောင်)ကျပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်းလှူဒါန်း ငွေကျပ် ၆၃၆၁၀၀၀ (ခြောက်ဆယ်သုံးသိန်း ခြောက်သောင်းတစ်ထောင်) ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)