ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ဖူးမြော်ကြည်ညို

ဇလွန် ဇွန် ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်တို့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြတ်ဇလွန်ဧည့်ရိပ်သာ၌ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီး ပြည်တော်ပြန်မြတ်စွာ ဘုရားကြီးအား အလှူငွေ (၅၀၀၀၀၀)ကျပ် လှူဒါန်းခဲ့ပြီး  မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအကျိုးတော်ဆောင်အဖွဲ့မှ ဘုရားကြီးပုံတော်အား ဓမ္မဒါနလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)