ကျိုက်လတ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် “တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့”အဖြစ် အသိပညာပေး စစ်ဆေး

ကျိုက်လတ် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း “ပလတ်စတစ်အိတ် မသုံးစွဲရနေ့”အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး၌ ဈေးအတွင်း၊ အပြင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးအဆောင်ပစ္စည်းများအား ပလတ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ လက်ဆွဲခြင်းများ စသည့် ပစ္စည်းများဖြင့် အစားထိုးသုံးစွဲကြစေရန် အသိပညာပေးစစ်ဆေးမှုများ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ရီရီမြင့်