မင်းတုန်း အောက်တိုဘာ ၈
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ထိန်ကိုင်း(ကုန်း) ကျေးရွာတွင် unicef အစီအစဉ်ဖြင့် ကျေးရွာရေပိုက်လိုင်း စနစ်ဆောင်ရွက်ရန် Level Survey တိုင်းတာခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီက သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးမင်းသက်၊ မင်းတုန်း မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်း၍ Level Survey တိုင်းတာခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါထိန်ကိုင်း(ကုန်း)ကျေးရွာတွင် ရေအရင်းမြစ်ကို မင်းတုန်းချောင်းမှ မော်တာဖြင့် အမြင့်ရှိ ရေစင်သို့ရယူမည်ဖြစ်ပြီး ရေပိုက်လိုင်းစနစ် ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၁၀၂) အိမ် လူဦးရေ (၃၄၇)ဦးအား အိမ်တိုင်ရာရောက် သောက်သုံးရေ ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်မြတ်စုအောင် ထံမှသိရှိရသည်။
ချင်းကလေး(NRDC)