မင်းလှမြို့တွင် ဓမ္မစကူးလ်ကျောင်း ဖွင့်လှစ်

မင်းလှ ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၇) ရပ်ကွက်ဇေယျာမဂ္ဂဘုန်းတော်ကြီးကျောင်းတိုက်၌ ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာများ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာပြီး ငြိမ်းချမ်းသာယာသောလူအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အမှတ်(၀၀၃)ဇေယျာမဂ္ဂ ဓမ္မစကူးလ်‌ကျောင်း စတင်ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၈ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဓမ္မစကူးလ်‌ကျောင်းဖွင့်လှစ်သင်ကြားခြင်းကို အမှတ်(၀၀၃)ဇေယျာမဂ္ဂ ဓမ္မစကူးလ်‌ကျောင်းတိုက်မြို့နယ် ဓမ္မစကူးလ်‌ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးပညာဇောတဦးဆောင် ၍ ဓမ္မစကူးလ်‌ ဆရာဆရာမ(၉)ဦးတို့က အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ ၁၁ နာရီခွဲချိန်ထိ သင်ကြားပေးမည်ဖြစ်ကြောင်း၊ KG တန်းမှ Grade-6 တန်းထိ ‌ကလေးငယ် (၈၂) ဦး တတ်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)