ကော့သောင်း၊ အောက်တိုဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ယနေ့မွန်းလွဲပိုင်းက ပိုစာများအား မြို့အချက်အခြာကျပြီး အသွားအလာများပြားရာ နေရာများ၊ ဈေးများ၊ ကားဂိတ်နှင့်ဆိုင်ကယ် ကယ်ရီဂိတ်များတွင် လိုက်လံကပ်ထားကြပြီး လက်ကမ်းစာစောင် များအား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်နှင့်ပိုစတာကြီးများတွင် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါ/မပါ စစ်ဆေး ပြီးပြီလား၊ သင်ဒါတွေသိပြီးပြီလား၊ ယခုပဲ သွားရောက်စစ်ဆေးလိုက်ပါ၊ သင့်အမည်ပါ၊ မပါစစ်ဆေးပါ၊ မဲပေးနိုင်ဖို့အတွက်သင့်နာမည်ဟာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရပါမယ်၊ မကြာခဏမေးလေ့မေးထ ရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ စသည့်အကြောင်းအရာများ အသိပညာပေး ပါရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းဆိုင်ရာ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များကို အများပြည်သူ လေ့လာသိရှိနိုင်ရေး ခရိုင်ရုံး မြေစိုက်နံရံကပ်ပြဘုတ်နှင့် သီးခြားပြဘုတ်များစီစဉ်ခင်းကျင်း အသိပညာ ပေး ကပ်ထားပေးကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)