မိသားစုတစ်ပိုင်တစ်နိုင် ပင်တောင့်ရှည်(ပဲခေါင်းပေါင်း)စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ

မြင်းမူ ဇွန် ၃

စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံများသည် မိမိတို့ပိုင်ဆိုင်ရာခြံမြေများတွင် တစ်ပိုင်တစ်နိုင်အဖြစ်   ရာသီနှင့်ကိုက်ညီသော၊ ရာသီမရွေးစိုက်ပျိုးနိုင်သည့်  စားဖိုချောင်သုံးဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချလျက်ရှိသည့်အတွက် မိသားစုအတွက်ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရသည်။

ရာသီနှင့်ကိုက်ညီသည့် စားဖိုချောင်သီးနှံများဖြစ်သည့်  ငရုပ်၊ သခွား၊ ဂွေးတောက်ငယ်ပင်၊ မုံလာဥပင်စသည်တို့ကို အလှည့်ကျရွေးချယ်စိုက်ပျိုးကြောင်း၊ ရာသီဥတုကောင်းမွန်ပါက သီးနှံပိုမိုထွက်ရှိကြောင်း၊ ယခုချိန်တွင် ပဲတောင့်ရှည်(ဒေသအခေါ်)   ပဲခေါင်းပေါင်းမှာစတင်ခူးယူရောင်းချရချိန်ဖြစ်၍ မိသားစုအတွက်ပုံမှန်ဝင်ငွေရရှိလျက်ကြောင်း၊ ယင်းပဲပင်အနေဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ အမြဲပြုစုနေရသည့်အပင်မျိုးမဟုတ်သော်လည်း မြေဆွေးနှင့်အခြားမြေဩဇာများထည့်ပေးပါက အသီးများများရရှိနိုင်ကြောင်းနှင့် စိုက်ပျိုးပြီးရက်ပေါင်း (၆၀)မှ(၉၀)အတွင်း အသီးများစတင်ရရှိကြောင်း ပဲစိုက်တောင်သူဦးစိုးမြင့်ထံမှ သိရှိရသည်။

ယခုလက်ရှိ ပဲသီးတောင့်ဈေးမှာ(၁)ပိသာလျှင်(၂၀၀၀)ကျပ်ရှိ၍ မိမိတို့စိုက်ခင်းအကျယ်ပေါ်မူတည်ကာ ဝင်ငွေများရရှိနိုင်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)