မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး

မကွေး  ဇွန်   ၃

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို ယနေ့နံနက် (၇)နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍  မကွေးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ထို့သို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မကွေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့ဝင် များ၊ ဒေသခံပြည်သူများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ စုပေါင်း၍ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများ ပညာသင်ကြားရာတွင် စိတ်ချမ်းမြေ့သာယာစွာ သင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဘောလုံးကွင်းအတွင်း၌ ကျောင်းသား/သူများ ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက်မြက်ပင်များနှင့်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်း ခြံစည်းရိုး၊ အဆောက်အအုံများနှင့်မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများအား ရှင်းလင်းပေးခြင်း၊ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များဆယ်ယူခြင်းနှင့် အမှိုက်သရိုက်များ အား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းခြင်း တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဆရာ/ဆရာများနှင့် ကျောင်းသား/သူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက်သာမက ကျောင်းသား/သူများအားလပ်ချိန်များ၌ အားကစားများ ပြုလုပ်ရာတွင် ပျော်ရွှင်စွာကစားနိုင်ရေးအတွက်လည်း အရေးကြီးပါကြောင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက် အအုံများ ဥပဓိရုပ်ကောင်းမွန်ရေး အတွက် လည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်းပြောကြားသည်။ 

အဆိုပါ အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးအနေဖြင့် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်တွင် သန့်ရှင်းသာယာလှပေရေးလုပ်ငန်းများ ဆောင်ရွက်သည့်နည်းတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်အသီးသီးတွင်လည်း တိုင်းလုံးကျွတ်အနေဖြင့် ဘုရားစေတီပုထိုးများ၊ ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ပန်းခြံများတွင်လည်း သန့်ရှင်းသာယာ လှပရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                            

ကိုစည်သူ(မကွေး)