စစ်ကိုင်းမြို့တွင် ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်ရရှိရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်

စစ်ကိုင်း ဇွန်   

စစ်ကိုင်းမြို့ရှိ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန် ထုတ်လုပ်မှု နည်းပညာပေး သင်တန်း ဖွင့်ပွဲကို ဇွန်(၂)ရက်၊ နံနက်(၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတိုးဝေက ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် သင်တန်းဖွင့်လှစ်ပေးသည့် သက်ဆိုင်ရာဌာနကို ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝေလျံစိုး က အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာ ဖြစ်တဲ့အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် ပို့ချပေးမဲ့ပညာရပ် တွေကို စိတ်ဝင်စားစွာ လေ့လာမှတ်သားပြီး မိမိတို့မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးများ ဖြစ်အောင်ကြိုးစားလုပ်ကိုင် သွားကြဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ရပ်ကွက်နေပြည်သူများအ လုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လယ်ယာ ထွက်ကုန် သီးနှံအခြေခံ ဖျော်ရည်မျိုးစုံ ထုတ်လုပ်မှု နည်းပညာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် ပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာယခုသင်တန်း သို့ သင်တန်းသား(၂၀)ဦး တက်ရောက်ကြာကာ သင်တန်းကို(၅)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။         

ဇော်မြင့်နိုင်