သာပေါင်းမြို့နယ် တွင်"သားစဥ်မြေးဆက်စားသုံးဖို့၊ ငါးသယံဇာတ ထိန်းသိမ်းစို့" ငါးသယံဇာတ ထိန်းသိမ်းရေး မြေစိုက်ဗီနိုင်း ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ငါးလုပ်ငန်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

သာပေါင်း ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ စည်ပင်ပန်းခြံရှေ့တွင် မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ"သားစဥ်မြေးဆက်စားသုံးဖို့၊ ငါးသယံဇာတ ထိန်းသိမ်းစို့"၊ ငါးရစ်ငါးသန်ငါးများ မဖမ်းဆီးရေး အသိပညာပေး မြေစိုက်ဗီနိုင်း ပိုစတာဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့သည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံပိုင်ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် ရေသယံဇာတများအား စနစ်တကျ အသုံးပြုတတ်စေရန်နှင့်ရေထွက်ပစ္စည်းများမှရရှိသည့် အကျိုးကျေးဇူးများကို ပြည်သူများ အပြည့်အဝခံစားနိုင်စေရန် ရည်ရွယ်၍"သားစဥ်မြေးဆက်စားသုံးဖို့၊  ငါးသယံဇာတ ထိန်းသိမ်း စို့"မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင် အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမြင့်မြတ်‌ဇော် ၊မြို့နယ်ငါးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးသိမ်းနှင့် ဝန်ထမ်းများ၊မြို့နယ် အဆင့်ဌာနဆိုင်ရာများက စိုက်ထူခဲ့ကြပြီး လမ်းဆုံလမ်းမများ ၊‌ဈေးများတွင် ဈေးရောင်း၊ဝယ်များ၊ ခရီးသွားလာ ပြည်သူများအား ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှု မရှိစေရေး၊"သေးတဲ့ ငါးကိုကြီးစေလို ငါးသန်ဆိုမဖမ်းနဲ့" အသိပညာပေးလက်ကမ်း စာစောင်များ အား အခမဲ့ ဝေငှဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်